<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/8358414945887535675?origin\x3dhttp://cutie-booobear.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script> <iframe src="http://www.blogger.com/navbar.g?targetBlogID=3054107564476057249&blogName=url.blogspot.com&publishMode=PUBLISH_MODE_BLOGSPOT&navbarType=BLACK&layoutType=CLASSIC&homepageUrl=http%3A%2F%2Furl.blogspot.com%2F&searchRoot=http%3A%2F%2Furl.blogspot.com%2Fsearch" height="30px" width="100%" marginwidth="0" marginheight="0" scrolling="no" id="navbar-iframe" frameborder="0"></iframe> <div id="space-for-ie"></div>
Welcome to Bibi's BEAR WORLD
Monday, August 17, 2009Y
Y.E.S မှ ဆရာများသို့ ....

Y.E.S

International Y.E.S
ဤသင်တန်းမှ ဆရာများ
မိတ်ဆက်ပေးစို့လား ..

ပထမဦးစွာ မိတ်ဆက်မှာ ဂိုဏ်းချုပ်ဆရာပါ
တပည့်တိုင်းက ချစ်ကြောက်ကြ
ဦးမြင့်အောင် တဲ့ဗျ

ဒုတိယက တီချယ် ငယ်
ဟန်ပန်လေးနဲ့ စာသင်တယ်
တပည့်တွေသိတာ နာမည်တမျိုး
ဆရာကတော် တဲ့ဗျိုး

ထပ်မံမိတ်ဆက် ပေးချင်တာ
ဂိုဏ်းခွဲများက ဆရာပါ
သေသေချာချာ မှတ်လို့ထား
Y.E.S က ဆရာများ ...

ဆရာလေးမျိုး နဲ့ ဆရာကျော်
ဝူတန်းဂိုဏ်းကနော်
လာမစမ်းနဲ့ ဝေးဝေးသွား
သွေးသောက် ညီအကိုများ

ဒီတခါတော့ ဆရာမကွယ်
လေးယောက်ပေါင်းလို့ရယ်

တီချယ်ဝါ နဲ့ တီချယ်တုတ်
နှစ်ယောက် ပေါင်းကာ ဗရုတ် ဗရုတ်
နှစ်ခန်းပေါင်းလို့ ဆူညံတယ်
ကျန်ဆရာ တွေက မကြည်ကွယ် ..
တပည့်များ ရဲ့ အသည်းတုံး
တီချယ် နှစ်ယောက် တပြုံးပြုံး ..

တီချယ်မိုး နဲ့ တီချယ်မော်
အတန်းတိုင်း မှာ နာမည်ကျော်
တပည့်တိုင်းက သဘောကျ
ချစ်ဖို့ကောင်းတဲ့ ဆရာမ ..

အားလုံးပေါင်းကာ ဂိုဏ်းထောင်ကြ
အော်မေ့ဂိုဏ်း တဲ့ဗျ
နေ့ ည မနား သင်တန်းသွား
မျက်ကြွယ် ညီအမများ ..

ဆရာများရဲ့ အသင်အပြဟာ
အံ့သြလောက် အောင်ချီးကျူးစရာ
စေတနာ ထားက သင်ပြပေး
တပည့်များအတွက် ပညာရေး

ဆရာများရဲ့ စေတနာ
အသိအမှတ်ပြုတာ တပည့်တွေဗျ
ရိုသေစွာ နဲ့ ကြိုးစားကြ
Y.E.S မှာဗျ

ပျော်ရွှင်တတ်တဲ့ ဆရာတွေ
Y.E.S မှာ ရှိတယ်လေ
လာတက်ကြတဲ့ တပည့်များ
အတန်းတွေတောင် ပြည့်လျှံတအား
ကြိုးစားချင်တဲ့ တပည့်အတွက်
welcome ဆိုတာ Y.E.S.




ချစ်ရပါသော Y.E.S မှ ဆရာများသို့ အမှတ်တရ


ဒါလေးက hunny Y.E.S မှာ တက်တုန်းက ... ဆရာတွေအတွက် ရေးပေးထားတာလေးပါ ... အဲ့တုန်းက .. ဘာရယ်မဟုတ် ... စိတ်ထဲမှာ ပေါ်လာတာလေးကို လက်တန်းချရေး .. နောက်တော့ စာစီ ... မိတ္တူဆွဲ ... အဲ့တုန်းက .. hunny က တီချယ် တုတ် .. အတန်းက ပါ .. အဲ့တော့ တီချယ် တုတ်ကို သွားပြတာပေါ့... တီချယ် ဆိုတာ ရီလိုက်တာ ... ပြီးတော့ တီချယ် ၀ါကို ပြ .. တီချယ်ဝါ က နေဆက်ပြီး တခြား တီချယ်တွေကို ပြသွားတာ ... တီချယ်တွေက တော်တယ်တဲ့ .. ဟီးဟီး .... office က စာရေး ဦးခိုင်စိုး တောင် ပါသေးတယ် .. သူဆို မြင်လဲမြင်ရော .. မိတ္တူတွေ ဆွဲပြီး နံရံတွေမှာ လိုက်ကပ်တာ... ဟီးဟီး ... ဘာမှလဲ ဟုတ်တာမဟုတ်ဘူး .. အချို့ ကျောင်းသားတွေဆို လာရှာတယ် .. ၀ါလေး .. က ဘယ်သူလဲတဲ့ ဆိုပြီး ... ရှက်လိုက်တာ မပြောပါနဲ့ ... :P ... ဟီး .. ဆိုပြီး ရီနေလိုက်တော့တယ် ... အဲ့တုန်းက အမှတ်တရလေးပေါ့ .. hunny ရေးပေးတာလေးကို တီချယ်တွေ သဘောကျတော့ ကျေနပ်တာပေါ့နော် ... ဘာပဲဖြစ်ဖြစ် အဲ့တုန်းက hunny ချစ်တဲ့ တီချယ်တွေ အတွက် အမှတ်တရလေး တခုဖြစ်သွားစေတာတော့ အမှန်ပါပဲ .................။





Labels: ,


heart blue w/ glitter 9:01 PM