<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/8358414945887535675?origin\x3dhttp://cutie-booobear.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script> <iframe src="http://www.blogger.com/navbar.g?targetBlogID=3054107564476057249&blogName=url.blogspot.com&publishMode=PUBLISH_MODE_BLOGSPOT&navbarType=BLACK&layoutType=CLASSIC&homepageUrl=http%3A%2F%2Furl.blogspot.com%2F&searchRoot=http%3A%2F%2Furl.blogspot.com%2Fsearch" height="30px" width="100%" marginwidth="0" marginheight="0" scrolling="no" id="navbar-iframe" frameborder="0"></iframe> <div id="space-for-ie"></div>
Welcome to Bibi's BEAR WORLD
Monday, June 29, 2009Y
ရေးပေးပါ.....

ဒီနေ့တော့ အိမ်မှာပဲ .. ကျောင်းလဲမရှိဘူး .... ပျင်းတယ် ... ဒါနဲ့ ... high school ကျောင်းသူဘ၀ တုန်းက ပစ္စည်းလေးတွေထုတ်ကြည့်မိတယ် ... ရန်ကုန်ကနေ ဒီကိုထွက်လာမယ်လဲဆိုရော .... သယ်ချင်တာတွေအများကြီး .. ဘာမှကိုမထားခဲ့ချင်တာ ... အများဆုံးထားခဲ့ရတာက hunny ရဲ့ teddy bear တွေ ... အမလေး .... သူများကိုပေးပစ်ခဲ့ရတာ ... နှမျောလိုက်တာ ... ဟင့် ... အမေက လုံးဝ ကိုမယူရဘူးတဲ့ ... အကုန်သူများပေးပစ်တဲ့ ... ဘာဆိုင်တုန်း ... အိမ်မှာထားခဲ့လဲ ရတာပဲကို ... မရဘူး .. နင့် တူမလေးတွေကိုပေးခဲ့တဲ့ ... ပေးချင်ပါဘူး ... ဒါတွေက နာ့အရုပ်တွေကို .... ဗြဲ .... :(( .. အမေက မရဘူး .. မရဘူး နဲ့ ... ကလေးတွေပေးချင်တိုင်း ... မီးအရုပ်တွေကို ... :( တတ်နိုင်ဘူး ... ထားခဲ့ရတယ် ... ရတာတွေပဲအကုန်စု သယ်လာတယ် ... အင်း .. ဘာတွေပါလဲ ... ငယ်ငယ်တုန်းက သူငယ်ချင်းပေးတဲ့ စာအုပ် .. အော်တိုစာအုပ်လေးတွေ .. ယပ်တောင် .. ကီးချိန်း ... tissue bag လေးတောင် ခုထိသိမ်းထားတုန်း ... ဟီး ...အမှတ်တရပေးတာလေးတွေ ... အော်တိုစာအုပ်တွေကတော့ အများကြီးပေါ့ ... ဘာရယ်မဟုတ် စာအုပ်လေးတခု ဆွဲလိုက်တာ .. ရေးပေးပါ စာအုပ်လေး ... ဒီစာအုပ်လေးတွေက အရမ်းချစ်ဖို့ကောင်းတယ် ... အဲ့တုန်းကဆို ရေးပေးပါ .. ရေးပေးပါ နဲ့ .. သူငယ်ချင်းတွေကို စာအုပ်လေးလိုက်ပေး ရတာအမောပေါ့ ... သူတို့ကလဲ ငါ့ကိုလဲရေးပေးဆိုပြီး စာအုပ်တွေလဲကြနဲ့ .. အရမ်းပျော်ဖို့ကောင်းတဲ့ high school ကျောင်းသူဘ၀ ... တနှစ်တအုပ်လိုမျိုးထွက်တာ ... hunny ဆီမှာ ၅အုပ်ရှိတယ် .. ၃အုပ် ပုံစံကမတူဘူး ... ကျန်တာနှစ်ခုက မလောက်လို့ထပ်ဝယ်ရတာ ... ဟီးဟီး ... အဲ့တုန်းကရေးတာလေးတွေ အခုပြန်ဖတ်တော့လေ ... ရီလိုက်ရတာ .. ခပ်တည်တည်ရေးတဲ့လူကရေး .. ပြောင်ချော်ချော်ရေးတဲ့လူကရေးနဲ့ ...့ hunny ဆို ကိုယ့်စာအုပ်မှာတောင် ကိုယ်ပြန်ရေးတယ် .. :P ... အခုရေးချင်တာက အဲ့တုန်းက hunny သူငယ်ချင်းတွေ ရေးပေးပါ စာအုပ်မှာ ဖြေခဲ့တာလေးတွေ .. ရေးမလို့ .. ဒါကတော့ hunny သူငယ်ချင်းတယောက်စာအုပ်မှာ hunny ဖြေထားတာတွေ .. ဘယ်ကနေဘယ်လိုလုပ် သူ့စာအုပ်လေးက hunny ဆီကိုပါလာတာလဲမသိဘူး ... မမှတ်မိတော့ပါဘူး ... ကြာပြီကိုး ... အဲ့မှာ သူ့အတွက်ဖြေထားတာလေးတွေ .. ဖတ်ကြည့်နော် .. မရီရဘူး .... :P

ကိုယ့်နာမည် - WLP
ကိုယ့်ကိုသူငယ်ချင်းတွေဒီလိုခေါ်တယ် - wah lay
ကိုယ့်ကို ကိုယ်ဒီလိုခေါ်တယ် - အွန်စော
ကိုယ့်ကိုဒီနေ့မှာမွေးတယ် - ဆရာဝန်မွေးတဲ့နေ့
ကိုယ်ဒီမှာနေတယ် - လမ်းဘေး ဓာတ်တိုင်ရှေ့က ခေါင်မိုးနဲ့တိုက်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ခလုတ်နှိပ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက....
အရောင်ဆို - Multi color
အ၀တ်အစားဆိုရင် - အဖာနဲ့
ဆံပင်ပုံစံ - ဂတုံး
ဆံပင်အရောင် - အဖြူ
စားစရာ - တီကောင်တောက်တောက်ကြော်
သောက်စရာ - acid
ပစ္စည်း - အလကားရတာအကုန်
ပန်း - ဂေါ်ဖီပန်း
လိုချင်တဲ့လက်ဆောင် - လေယာဉ်ပျံ
အကြိုက်ဆုံးမင်းသား - မပေါ်သေးဘူး
မင်းသမီး - ကိုယ်ပဲ
ရုပ်ရှင်/ဗီဒီယိုဇာတ်ကား - တိုက်တာနဲ့တန်းနစ်
တီဗွီအစီအစဉ်/ဇာတ်လမ်းတွဲ - နောက်တနေ့အစီအစဉ်
အဆိုတော် - တိန် တိန်းတိန်း တိန်
သီချင်း - တခါက မွေးဋ္ဌာနီ
ဝတ္ထု - အမေကမဖတ်ရဘူးတဲ့ ..
ဂျာနယ်/မဂ္ဂဇင်း - ရောင်းရန်ရှိသည်
အကြိုက်ဆုံးကာတွန်းဇာတ်ကောင် - တွတ်ပီ
အရုပ် - ၀က်ဝံရုပ်
ဂိမ်းကစားနည်း - ဇယ်ခုတ်
အားကစား - အားရင် ကပြီး စားတာ
အကြိုက်ဆုံး စာရေးဆရာ - ...
အလေးစားဆုံးပုဂ္ဂိုလ် - ဖေ နဲ့ မေ
ကိုယ်ကြိုက်တဲ့ဘ၀ပုံစံ - တာဇံ
ကိုယ့်ရဲ့အချစ်ဆုံးသူ - (....)
အမုန်းဆုံးသူ - ရေးဖို့လက်သနတယ်
အချစ်ဆုံးတိရစ္ဆာန် - ဂေါ်ဇီလာ
အမုန်းဆုံးတိရစ္ဆာန် - မြွေ
အပျော်ဆုံးနေ့ - အိမ်မှာပုစွန်ဟင်းချက်တဲ့နေ့
ဝမ်းအနည်းဆုံးနေ့ - (.....)
ရင်အခုန်ဆုံးအချိန် - ကားလမ်းကူးတဲ့အချိန် (အရမ်းကြောက်တယ် .. တကယ်ပြောတာ .. -.-)
ကိုယ့်ရဲ့ဝါသနာ - လစ်ရင်သုတ် မိရင်ပြန်ပေး
ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာတွေက - သူများကိုဆရာမလုပ်ချင်လို့ လျှိုထားတာ .. မသိတာမရှိ
ကိုယ့်ရဲ့ရည်မှန်းချက် - ဘယ်နေရာရောက်ရောက် နေရာတနေရာအမြဲတမ်းရှိရမယ် .. e.g- ဘတ်စ်ကားပေါ်မှာ
ကိုယ့်ရဲ့အိပ်မက် - ဟီးဟီးဟီး...
အားလပ်ချိန်သွားတဲ့နေရာ - မီးဖိုချောင် (ရှာဖွေရေးဆင်းတယ်)
စိတ်ညစ်ရင်လုပ်တတ်တဲ့ အပြုအမူ - မျက်စိကို ပရုပ်ဆီသုတ်ပြီး ငိုပစ်လိုက်တာဘဲ
စိတ်တိုရင် လုပ်တဲ့အပြုအမူ - နိုင်တဲ့သူကို အနိုင်ကျင့်တယ်
ပျော်ရင်လုပ်တဲ့ အပြုအမူ - တယောက်ထဲ ရီနေတာ
၅မိနစ်သာ အသက်ရှင်ရတော့မယ်ဆိုရင် လုပ်မယ့်အလုပ် - ဘေးနားကလူကို ကက်ဆက်ဖွင့်ခိုင်းပြီး ထကပစ်လိုက်မယ်
သိန်း၃၀၀ထီသာပေါက်ခဲ့ရင် - ထီလက်မှတ်အရင်ရှာရမယ်
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမယ့်ဆု - ၀မ်းမချူပ်ဖို့
ဘ၀မှာအရေးကြီးဆုံးက - ပျော်ဖို့
သူငယ်ချင်းဆိုတာ - ခင်ဖို့
အချစ်ဆိုတာ - အမျိုးမျိုးပဲ (e.g- အုန်းခြစ်)
အမုန်းဆိုတာ - မချစ်လို့ပါ
ဘ၀ဆိုတာ - လက်ရှိဖြတ်သန်းနေတယ်
တယ်လီဖုန်းဆိုတာ - စကားပြောလို့ရတဲ့ဟာ
အင်တာနက်ဆိုတာ - အလှကြည့်ဖို့
ကွန်ပျူတာဆိုတာ - ကာပျူတွန်
ကိုယ့်ကိုကိုယ်ဒီလိုမြင်တယ် - ချစ်စရာလေး

မင်းအပေါ် ကိုယ့်ရဲ့အမြင် -
မင်းရဲ့စတိုင်လ် - မာမီအော်ကြီး
ဥာဏ်ပညာ - ဘိတ်ချေး
အကျင့် - တစက်ကလေးမှ မကောင်း
စိတ်ဓာတ် - ညံ့တယ်
ခြုံပြောရရင် - ဂုန်နီအိတ်ဟာ အနွေးဆုံးပဲ
မင်းနဲ့ကိုယ့်ရဲ့အမှတ်တရဖြစ်ရပ် - ငါမှတ်မိပါတယ် .. ကျောင်းမှာ ငါချော်လဲပြီး ခြေထောက်ကွဲတုန်းက နင်ပျာယာခတ်နေခဲ့တာ ... :)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ် - ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်
မင်းအတွက် စကား - သိပ်မရွနဲ့ ..
ကိုယ့်ရဲ့လက်မှတ် - ဒေါ့ ဒေါ့ ဒေါ့ ရွှတ် ဒုတ် ( ဘောပင်ခြစ်သံ)
ဒီစာရေးတဲ့နေ့ - ဒီနေ့




ဒါတွေဖတ်ပြီး hunny တော်တော်ပေါတာပဲလို့ ပြောမှာပဲမဟုတ်လား??? .... ကျောင်းသူဘ၀လေ ... အပူအပင်ကင်းကင်းနဲ့ ကမျင်းကြောထကြတာ ... ရေးလိုက်ရင် ဘယ်တော့မှ အတည်မရှိဘူး .. အဲ့ဒါတွေနဲ့ပဲ ရီကြ ... ပေါက်တတ်ကရတွေလျှောက်ပြောကြနဲ့ .... ဖြစ်နိုင်ရင် high school ကျောင်းသူဘ၀ကို တခါလောက် ပြန်သွားချင်ပါသေးတယ် ..................။

Labels:


heart blue w/ glitter 1:53 PM